YAS-Logo-114x65
aybp_logo-50x55

Myanmar

Life in and around Inlay Lake

Inlay Lake Wildlife Sanctuary
ကျနော်ဟာ 2019 ဒီဇင်ဘာလမှာ ဓာတ်ပုံခရီးစဉ်တစ်ခုနဲ့ အင်းလေးရေကန်ကို စရောက်ဖူးခဲ့ပါတယ်၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အင်းလေးရေကန်ကို ဓာတ်ပုံတွေ၊ Video တွေ၊ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမြင်ဖူးနေပေမယ့် 2019 မှာမှ အင်းလေးရေကန်ကို အပြင်မှာ စတင်ထိတွေ့ဖူးခဲ့တာ ဖြစ်ပါတယ်
I went to Inlay Lake for the first time in December 2019 on a photography tour. As a citizen of Myanmar, I had of course seen the lake in photos, videos and movies before. But I was able to enjoy it in person in 2019.
ကျ‌နော့်ဘဝ၊ ကျနော့်ဓာတ်ပုံတွေအကြောင်းကို ပြောရမယ်ဆိုရင်လည်း အင်းလေးရေကန်ဟာ အဓိကနေရာတစ်ခုက ပါဝင်နေပြီး အင်းလေးမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ နိုင်ငံတကာဓာတ်ပုံဆုတွေလည်း အများကြီးရရှိဖူးပါတယ်၊ မှတ်မှတ်ရရရှိတဲ့ ဓာတ်ပုံလေးကတော့ UNESCO က ကြီးမှူးကျင်းပတဲ့ YOUTH EYE ON THE SILK ROAD International Photo Contest မှာ 1st Prize winner ရခဲ့တဲ့ အင်းသားတွေ ငါးဖမ်းနေတဲ့ ဓာတ်ပုံလေးပါပဲ၊ အင်းလေးရေကန်က ကျနော်တို့လို ဓာတ်ပုံချစ်သူတွေအတွက် မရိုးနိုင်တဲ့ အလှတရားတွေ၊ ရိုးရာယဉ်‌ကျေးမှုတွေ၊ သဘာဝအရင်းအမြစ်များနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲတွေ အပြည့်နဲ့ ရွှေရေကန်ကြီး တစ်ခုလိုပါပဲ
Inlay Lake played a major role in my life as well as in the photographs I took. I won many international photo awards with the ones taken there. One of the memorable photos was a shot of Inlay People (Inntha) fishing in the lake, with which I became the 1st Prize winner of the YOUTH EYE ON THE SILK ROAD International Photo Contest hosted by UNESCO. For photo enthusiasts like us, Inlay Lake is like a golden lake with a wealth of incredible sceneries, traditions and culture, natural resources and biodiversity.
ကျနော်တို့ မြန်မာနိူင်ငံမှာ ASEAN Heritage Park 8 ခုရှိတဲ့အနက် အင်းလေးရေကန်ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ အင်းလေးရေကန်ဟာ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးမှာ တည်ရှိပါတယ်၊ တောင်နှင့်မြောက်တန်းလျက်ရှိတဲ့ တောင်တန်းကြီး(၂)ခုကြားမှာ ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့အလယ် အနက်ရှိုင်းဆုံးအပိုင်းမှာ တည်ရှိပါတယ်
အင်းလေးကို စတင်တည်ထောင်စဉ်အခါက ရွာလေးရွာသာ ရှိသောကြောင့် “အင်းလေး” ရွာဟု အမည်ခေါ်တွင်ခြင်း ဖြစ်ကြောင်းကို ဒေသခံတွေဆီကနေ သိရပါတယ်။ ထိုရွာလေးရွာမှာ ရွာမရွာ၊ နန်းပန်ရွာ၊ ရွာကြီးရွာ၊ နောင်တောရွာတို့ ဖြစ်ပါတယ်
There are 8 ASEAN Heritage Parks in Myanmar and Inlay Lake is one of them. It is located in the deepest middle part of Nyaungshwe Valley, nestled between two mountain ranges extending from south to north, near Nyaungshwe Township, Taunggyi City of Southern Shan State in Myanmar.
According to local residents, the term “Inlay” was derived from the fact that there had been only four villages—Ywar Ma Village, Nam Pan Village, Ywar Gyi Village and Naung Taw Village—in the vicinity when the place was first established.
အင်းလေးရေကန်မှာ ကျနော်တို့ကို အဓိက အဖမ်းစားနိုင်ဆုံးက ရေပေါ်အိမ်တွေပဲ ဖြစ်ပါတယ်၊ ကျနော်က မြေပြင်ပေါ်မှာပဲ မွေးဖွားကြီးပြင်းလာရတော့ ရေပေါ်အိမ်တွေက ကျနော့်အတွက်တော့ အထူးအဆန်း ဖြစ်နေပါတယ်၊ ယခုအခါ အင်းလေးမှာ ရွာပေါင်း 444 ရွာရှိပြီး ရေထဲမှာ ရွာပေါင်း 200 ကျော်၊ ကုန်းပေါ်မှာ ရွာပေါင်း 200 ကျော် ရှိပါတယ်၊ ရေထဲမှာရှိတဲ့ ရွာတွေကတော့ ရေပေါ်အိမ်များ‌ ဆောက်လုပ်နေထိုင်ကြပါတယ်၊ ရေပေါ်အိမ်‌တွေကို ဝါးများဖြင့် အဓိက ဆောက်လုပ်ထားကြပြီး တစ်ချို့အိမ်တွေဆို အိမ်ဆောက်တဲ့အခါမှာ သံများကိုမသုံးပဲ ဝါးသီးသန့်ဖြင့်သာ တည်ဆောက်ထားကြပါတယ်
The most breathtaking spots in Inlay Lake are the floating houses. Since I was born and grew up on land, seeing the floating houses there was quite extraordinary for me. In Inlay, there are altogether 444 villages—over 200 villages are on the lake and the rest on land. Villages on water have floating houses. The floating houses are mainly built of bamboo. Some are built of bamboo only, without iron.
အင်းလေးရေကန်မှာ ထူးခြားတဲ့ အ‌လေ့အထတစ်ခုက လှေကို ခြေနဲ့လှော်ခတ် သွားလာကြခြင်း ဖြစ်ပါတယ်၊ ‌ဒီလို ‌လှေကို ခြေနဲ့လှော်ခတ်ခြင်းဟာ ကမ္ဘာကျော်ပြီး ကျနော်တို့ကိုယ်တိုင်လည်း လေးစားအံ့ဩရတဲ့ အ‌လေ့အထပါပဲ၊ လှေကို လက်နဲ့ လှော်ခတ်ဖို့တောင် မလွယ်ကူတာကို သူတို့က ခြေတစ်ဖက်တည်းနဲ့ လှော်ခတ်နိုင်ကြပါတယ်၊ ဒါကို ယောင်္ကျားများတင်မက မိန်းမတွေရော ကလေးငယ်တွေပါ ခြေတစ်ဖက်နဲ့ လှော်ခတ်နိုင်ကြပါတယ်၊ ခုခေတ်မှာ စက်လှေတွေများစွာ ပေါ်လာပေမယ့်လည်း သူတို့ဟာ သူတို့ရိုးရာတစ်ခုဖြစ်တဲ့ ခြေနဲ့ လှေလှော်ခတ်ခြင်းကိုလည်း နေ့စဉ်အသုံးပြုပြီး ထိန်းသိမ်းထားကြပါတယ်
One unique custom seen in Inlay Lake is people rowing a boat with their leg. Leg-rowing is a world-famous and iconic technique applied by the Inntha. While rowing a boat even by hand is not easy for us, Inntha, regardless if they are man, woman or child, can row a boat using one leg. Despite the emergence of motor-powered boats these days, the Inntha keep their tradition of leg-rowing alive by doing it every day.

ငါးမျိုးစိတ်နဲ့ ငါးဖမ်းခြင်း

Fish Species and Fishing

အင်းလေးရေကန်မှာ ငါးဖမ်းခြင်းလုပ်ငန်းဟာ အဓိက အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်ပါတယ်၊ အိမ်ထောင်ရှင်အမျိုးသားအများစုဟာ ငါးဖမ်းတတ်ကြပြီး သူတို့ရဲ့ ငါးဖမ်းနည်းတွေ၊ အသုံးပြုတဲ့ ငါးဖမ်းတဲ့ မြှုံးတွေဟာလည်း ကမ္ဘာမှာ ထင်ရှားပါတယ်
Fishing is a major livelihood of local residents in Inlay Lake. Most of the married men there know how to fish well. Their fishing techniques and fish-traps are also famous around the world.
“အင်းလေးရေကန်ကြီးက ကျနော်တို့ကို နေထိုင်ခွင့်လည်းပေးတယ်၊ ပြီးတော့ စားသောက်ဖို့ ငါးတွေလည်း ပေးတယ်” လို့ ဒေသခံ အင်းသားတစ်‌ယောက်ရဲ့ စကားသံကို ကျနော်ခုထိ ကြားယောင်နေတုန်းပါပဲ၊ ဒီရေကန်ကြီးရှိနေသ၍ သူတို့နေဖို့၊ စားဖို့ စိတ်ပူစရာမရှိဘူးလို့ ခံယူထားကြပါတယ်
I still remember what one Inntha said, “Inlay Lake provides us with not only accommodation but also with fish to eat.” They believe that they will never have worries about their livelihoods as long as the lake is sustainable.
အင်းလေးကန်မှာ ငါးပေါင်းများစွာရှိတဲ့အနက် “ငါးဖိန်း” လို့ခေါ်တဲ့ ငါးမျိုးစိတ်ဟာ အင်းလေးကန်ရဲ့ အဓိက ငါးမျိုးရင်း ဖြစ်ပါတယ်၊ ဒါပေမယ့် နှစ်ရှည်လများ ဖမ်းယူစားသုံးလာမှုကြောင့် “ငါးဖိန်း” မျိုးစိတ်ဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ၊ ဈေးကွက်ထဲမှာလည်း “ငါးဖိန်း” မျိုးစိတ်က တခြားငါးမျိုးစိတ်တွေထက် ဈေးထက်ဝက်ကြီးနေပါတယ်၊ ဒါတောင် ရဖို့ မလွယ်ကူပါဘူး၊ ကျနော်က ဒီ “ငါးဖိန်း” မျိုးစိတ်ကို မြင်ဖူးချင်တယ်၊ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားချင်တယ်လို့ ဒေသခံတွေကို အကူအညီတောင်းတော့ သူတို့ဟာ “ငါးဖိန်း” မျိုးစိတ်ကို မွေးမြူထားသူထံကို ပို့ပေးခဲ့ပါတယ်
Among the various fish diversities, “Nga Phein (Inlay Carp)” is the most common fish family in Inlay Lake. However, they are now endangered due to constant consumption by people for years. Other fish species are just half the price of Nga Phein. But Nga Phein is still difficult to be bought at the market. When I made a request to local residents that I wanted to see Nga Phein in person and record them in photographs, they took me to a fish farm where Nga Phein are bred.
မွေးမြူသူဟာလည်း ဒီ “ငါးဖိန်း” မျိုးစိတ်ကို စားသောက်ရောင်းချရန် မွေးမြူထားခြင်း မဟုတ်ပဲ ‌အင်းလေးရေကန်ရဲ့ အဓိက ငါးမျိုးရင်းကို မပျောက်ပျက်သွားလို၍ ချစ်တဲ့စိတ်နဲ့ မွေးမြူထားခြင်း ဖြစ်ပါတယ်

The owner did not breed Nga Phein with the intention of consumption and sale but to preserve the major fish family of Inlay Lake with fondness.

အခုချိန်မှာတော့ “ငါးဖိန်း” မျိုးစပ်ထားသော ငါးမျိုးစိတ်သစ်များကိုသာ မွေးမြူပြီး ဖမ်းယူစားသုံးလာကြပါတယ်၊ အင်းသူ၊အင်းသားအစစ်များဟာ အကြေးခွံမပါသော ငါးများကို မစားသုံးကြတာကြောင့် “ဇလားဘီးယား” လို့ခေါ်တဲ့ အကြေးခွံပါသော ငါးမျိုးစိတ်များကိုသာ မျိုးစပ်မွေးမြူ စားသုံးကြပါတယ်၊ အဲ့ဒီ “ဇလားဘီးယား” ငါးကို ဒေသခံ‌တွေကတော့ “ကျောက်ငါး” လို့ ခေါ်ဆိုကြပါတယ်
Recently, people have been cross-breeding new fish species with Nga Phein for consumption. Since genuine Inntha do not eat fish without scales, they cross-breed the fish species that have scales, for example, Tilapia. Tilapia is called by local residents as “Kyauk Ngar”.

“အင်းလေးကန်မှာ ငါးမရှိရင် အင်းသားတွေရဲ့ လက်တစ်ဖက် မရှိတော့သလို ဖြစ်သွားနိုင်တယ်” လို့ ငါးဖမ်းသမားတစ်ယောက် ပြောဖူးတာကို ကျနော် မှတ်သားဖူးပါတယ်၊ အင်း‌သူအင်းသားတွေရဲ့ နေ့စဉ်ဘဝမှာ ငါးဖမ်းခြင်းကလည်း အဓိက အစိတ်အပိုင်းတစ်ခုပါပဲ၊ အင်းလေးကန်ထဲမှာ ငါးရှိနေမှ သူတို့ရဲ့ ဘဝတွေကလည်း အဆင်ပြေနေမှာ ဖြစ်ပါတယ်

အခုချိန်မှာ အင်းလေး‌ရေကန်ဟာ အမှိုက်တွေ၊ ပိုးသတ်ဆေး‌တွေ ကြောင့် ရေထုဟာ ညစ်ညမ်းလာပြီး ငါးတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်၊ နောက်ပြီးတော့ တခြားအလုပ်အကိုင်တွေ ရှားပါးလာမှုကြောင့် ငါးများကို အလွန်အကျွံ ဖမ်းဆီးလာကြရပါတယ်၊ ဒါဟာ အင်းလေးကန်မှာ ငါးပြုန်းတီးဖို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လို့လာပါတယ်၊

A fisherman there once said, “Inlay Lake without fishes might be like Inntha lacking one arm”. Fishing plays an important role in Innthas’ daily lives. As long as the Inlay Lake has abundant fishes, Inntha will be able to make ends meet.

Unfortunately, since Inlay Lake is now polluted with trash and pesticides, it became harmful for the fishes in it. Moreover, as a result of the scarcity of alternative jobs, residents have been excessively catching the fishes in the lake, which might lead them to go extinct.

ဒီငါးပြုန်းတီးမှု အန္တရာယ်ကို ကာကွယ်ဖို့ အင်းလေးကန်ရဲ့ ရေထုကို သန့်ရှင်းအောင် စနစ်တကျကိုင်တွယ်ပေးဖို့ လိုအပ်လာပါတယ်၊ ငါးများကို ဖမ်းဆီးတဲ့အခါမှာလည်း စနစ်တကျဖမ်းဆီးဖို့ ဒေသခံတွေကို အသိပညာပေးဖို့လည်း လိုအပ်လာပါတယ်၊ ငါးမျိုးစိတ်အသစ်များကိုလည်း ထပ်မံမွေးမြူဖို့ လိုအပ်လာပြီး အင်းလေးကန်ရဲ့ ငါးမျိုးစိတ်ရင်းဖြစ်တဲ့ “ငါးဖိန်း” ငါးမျိုးစိတ်ကိုလည်း မပျောက်ပျက်သွားအောင် စနစ်တကျ မွေးမြူထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်

In order to prevent the extinction of fishes, we should manage the water from the lake systematically and keep it clean. It is also required to raise awareness about systematic fishing techniques among the local residents. New fish species should be bred more and Nga Phein, the original fish family of Inlay Lake, should be preserved systematically as well.
အင်းလေးရောက်ရင် အင်းလေးဒေသထွက် ငါးဟင်း၊ ငါးကင်တွေကို ကျနော်တို့ကိုယ်တိုင်လည်း စားလေ့ရှိပါတယ်၊ ဒေသခံတွေကလည်း သူတို့အိမ်ကိုလာလည်ရင် ငါးဟင်း၊ ငါးကင်တွေနဲ့ ဧည့်ခံလေ့ရှိကြပါတယ်
We usually have grilled fish and fish curry when we are in Inlay. Local residents also welcome guests with grilled fish and fish curry when they visit their houses.

ရေပေါ်စိုက်ခင်းများ

Floating Gardens

အင်းလေးရေကန်မှာ ငါးဖမ်းခြင်းလုပ်ငန်းပြီးရင် ရေပေါ်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်၊ ရေပေါ်မှာ ကျွန်းမျောများ ကို တည်ဆောက်ပြီး အသီးအနှံ့များကို စိုက်ပျိုးတတ်ကြပါတယ်၊ အဓိကစိုက်ပျိုးတဲ့ သီးနှံကတော့ ခရမ်းချဉ်သီး ဖြစ်ပါတယ်

While the most common livelihood in Inlay Lake is fishing, floating garden agriculture stands as the second-most common. There are man-made floating islands in the water and residents grow vegetables on them. The most popular crop is tomatoes.
ရေပေါ်ကျွန်း‌မျောများပေါ်မှာ ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဟာ ဘိုးဘွားအစဉ်အဆက်ပြုလုပ်လာသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်၊ (6)လ တစ်ကြိမ်နှုန်းနဲ့ (၁)နှစ်ကို နှစ်ကြိမ် စိုက်လို့ရပေမယ့် အများစုကတော့ (၁) နှစ်ကို တစ်ကြိမ်သာ စိုက်ပျိုးကြပါတယ်
Growing tomatoes on the floating islands is a conventional business passed down from generation to generation. Tomatoes can be grown biannually or annually. However, most of the locals generally grow them only once a year.
ကျနော် အင်းလေးကို ရောက်တော့ ရေပေါ်မှာစိုက်ထားတဲ့ ဒီစိုက်ပျိုးရေးတွေကို အတော်စိတ်ဝင်စားမိပါတယ်၊ ခရမ်းချဉ်သီး စိုက်ပျိုးတဲ့ ဒေသခံတွေနဲ့လည်း စကားတွေပြောဖြစ်ပါတယ်၊ သူတို့စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးတွေဟာလည်း တော်တော်ကို လတ်ဆတ်ပါတယ်
When I arrived at Inlay Lake, I was intrigued by the floating garden agricultural system. I spoke to several residents who grew tomatoes. Their tomatoes are very fresh.
“ခရမ်းချဉ်သီးစိုက်ပျိုးရေးကတော့ ရှုံးလိုက်၊ မြတ်လိုက်ပါပဲ၊ ဒီနှစ်မှာ ရှုံးသွားခဲ့ရင်လည်း နောက်နှစ်မှာ ပြန်ရ‌အောင်လုပ်ရတာပါပဲ၊ ဒီလိုပဲ လည်ပတ်နေရတာပါ၊ ခရမ်းချဉ်သီးဈေးတွေကလည်း ပုံမှန်မရှိပါဘူး၊ ပွဲစားတွေရဲ့ ပါးစပ်ကထွက်လာတဲ့ ဈေးနှုန်းနဲ့ပဲ ကျွန်မတို့ ရောင်းချနေရတာပါ” လို့ နှစ်ပေါင်း (၄၀) ကျော် ခရမ်းချဉ်သီးစိုက်ပျိုးရေးလုပ်လာတဲ့ အင်းလေးကန်၊ ကေလာရွာမှာ နေထိုင်တဲ့ တောင်သူ ဒေါ်ငြိမ်းမေ က ပြောပြပါတယ်
“Profits gained from tomato production are inconsistent. If it shows a loss, we will have to try making profits next year. This is how we operate. The price of tomatoes is also unstable. We are just selling them at a price set by the brokers,” said Daw Nyein May, a farmer from Kaylar Village in Inlay Lake who has been producing tomatoes for over 40 years.
ရေပေါ်စိုက်ပျိုးရေး ဖြစ်တာကြောင့် စိုက်ပျိုးရေးအတွက် မြေဩဇာများ၊ ပိုးသတ်ဆေး၊ အလုပ်သမားခတွေအပြင် စက်လှေဆီ‌ဈေးတွေပါ ပိုမိုကုန်ကျရပါတယ်၊ အသီးအနှံ့တွေ ဖြစ်ထွန်းဖို့ မြေဩဇာတွေလည်း သုံးရသလို ပိုးသတ်ဆေးတွေလည်း သုံးရပါတယ်၊ ဒီလို ပိုးသတ်ဆေးတွေကြောင့် အင်းလေးရေကန်ကို ထိခိုက်မှုရှိမယ်ဆိုတာကိုလည်း သူတို့သိပေမယ့်လည်း စိုက်ပျိုးရေးအတွက် မဖြစ်မနေလိုအပ်တာမို့ သူတို့ အသုံးပြုနေရတာ ဖြစ်ပါတယ်
Since the crops are grown on floating platforms, there are a lot of costs, such as fertilizers, pesticides, wages for the workers and fuel for motor-powered boats. Fertilizers as well as pesticides have to be used to help the crops grow well. Although the residents know that such pesticides are a threat to the lake, they have no choice because it is essential for the farms.
ကျနော် ဓာတ်ပုံတွေလေ့လာရိုက်ကူးရင်း၊ ဒေသခံတွေနဲ့ စကားပြောရင်း သိလာရတာက အင်းသူအင်းသားတွေဟာ အင်းလေးကန်ကြီးကို အမြဲတမ်းတိုးတက်ကောင်းမွန်စေချင်တဲ့ စိတ်ရှိကြပါတယ်၊ စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးအစား တခြားနည်းလမ်းကောင်းတွေရှိရင်လည်း သူတို့အသုံးပြုပြီး ‌ဒီရေကန်ကြီးကို ကာကွယ်စောင့်ရှောက်ကြမယ်လို့ ကျနော်ယုံကြည်မိပါတယ်

What I realized in the conversations with the local residents and on the photography tour there, is that Inntha are always willing to improve the condition of Inlay Lake. I believe they will find other appropriate ways for the farms, instead of using pesticides, and preserve the lake.

လက်မှုလုပ်ငန်းများ

Handicrafts

အင်းလေးဒေသမှာ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်၊ ကျနော်တို့ မြန်မာရိုးရာယဉ်ကျေးမှု လက်မှုပညာ ပန်း (၁၀) မျိုးထဲက ပန်းတိမ်၊ ပန်းပုလုပ်ငန်းများ ကိုလည်း လုပ်ကိုင်ကြပါတယ်၊ ရိုးရာအဝတ်အစားအတွက် ယက္ကန်းလုပ်ငန်းများ လည်း လုပ်ကိုင်ကြပါတယ်
Residents from Inlay region make Myanmar traditional handicrafts for their living as well. They make Patain (Gold or silversmith) and Panpu (Sculpture) out of 10 Myanmar traditional arts and crafts works, which is known as 10 Flowers. They also earn their living by weaving traditional costumes.
အင်းလေးရေကန်ထဲက ရွာတစ်ရွာဖြစ်တဲ့ ရွာမရွာကတော့ ပန်းတိမ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတယ်၊ ကျနော်သွားရောက်ဖြစ်ခဲ့တဲ့ ရွာမရွာ၊ တောင်ချောင်းရပ်ကွက်မှာဆိုရင် 80% ဟာ ပန်းတိမ်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်၊ ကျန်တဲ့ 20% ကတော့ ဈေးသည်၊ စက်လှေမောင်းခြင်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပါတယ်
In one of the villages on Inlay Lake, Ywar Ma, Patain is the main business. 80% of the villagers in Taung Chaung Ward of Ywar Ma Village make Patain. The remaining 20% work as vendors, drive motor-powered boats, or farm.
အင်းလေးကန်ရဲ့ ရိုးရာအဝတ်အစားတွေကို အဓိက ထုတ်လုပ်တဲ့ ယက္ကန်းလုပ်ငန်းများတွေကိုလည်း လုပ်ကိုင်ကြပါတယ်၊ အင်းလေးမှာတော့ ချည်ထည်များကိုသာ အဓိကထား ယက်လုပ်ကြ ပြီး ကြာချည်မျှင်နဲ့ ထုတ်လုပ်သော ကြာချည်ထည် တွေက ထင်ရှားပါတယ်
Others also work at textile weaving businesses where traditional Inlay costumes are produced. In Inlay region, people mainly make fabric from cotton, and lotus textiles made from fibers of the lotus plant stem are popular.

အင်းလေးရေကန်၊ အင်းပေါခုံရွာမှာ နေထိုင်တဲ့ ဒေါ်အုန်းမြ က ကြာချည်မျှင်နဲ့ ကြာချည်ထည် ယက်လုပ်ပုံ အဆင့်ဆင့်ကို ပြောပြပြီး ကိုယ်တိုင်လည်း လက်တွေ့ လုပ်ပြခဲ့ပါတယ်

“ကြာချည်ထည်ကိုတော့ ကြာငါးမျိုးရှိသည့်အနက် ပဒုမ္မာကြာနှင့်သာ ပြုလုပ်၍ ရပါတယ်၊ ပြုလုပ်ပုံကတော့ ပဒုမ္မာကြာရိုးကို ချိုးပြီး ကြာမျှင်များကိုထုတ်ပြီး ကြာချည်ထည်ဖြစ်ဖို့ အဆင့်ဆင့် ယက်လုပ်ရတာ ဖြစ်ပါတယ်၊ ကြာချည်မျှင်ပြုလုပ်တဲ့အခါမှာ ၁ ရက်ကို လူတစ်ယောက်ရဲ့ လုပ်အားက 10 မီတာ(ပေ ၃၀)ခန့်သာရှည်သော ကြာချည်တစ်ပင်သာ ရရှိနိုင်ပါတယ်
၇ လက်မ အရွယ်အစားရှိတဲ့ ကြာချည်ပုဝါတစ်ထည်ပြုလုပ်မယ်ဆိုရင် ကြာပင်ပေါင်း ၄၀၀၀ ခန့်ကုန်ပါတယ်၊ ကြာချည်မျှင်ထုတ်ရတဲ့ ရက်ပေါင်း ၂၀ ရက်ခန့်ကြာမြင့်နိုင်ပါတယ်” လို့ ဒေါ်အုန်းမြက လက်တွေ့လုပ်ပြရင်း ပြောပြခဲ့ပါတယ်

Daw Ohn Mya from Inn Paw Khone Village of Inlay Lake explained and demonstrated the process of weaving lotus textiles from lotus fibers.

She explained while demonstrating, “Lotus textiles can be made exclusively from Padonma lotus out of the five lotus types. Padonma lotus stems are first snapped to expose the fibersd. It takes a lot of steps in weaving to form a lotus textile. After lotus fibers are collected, a person can create only one lotus thread with them, which is 10 meters (30 feet) long in a day.

ထိုကဲ့သို့ ပြုလုပ်ပုံအဆင့်ဆင့် ကြာမြင့်လွန်းတာကြောင့် ကြာချည်ထည်တွေဟာ ‌တန်ဖိုးမြင့်ပါတယ်၊ ၇ လက်မရှိသော ကြာချည်ပုဝါတစ်ထည်ကို မြန်မာငွေကျပ် ၉၅၀၀၀ ကျပ် ကျသင့်ပါတယ်

If a lotus scarf of 7 inches is to be made, you need about 4,000 lotus threads and 20 days to collect the lotus fibers.”

ဒီ‌ဈေးနှုန်းဟာ ကျနော်တို့အတွက်ဆို များပြားတဲ့ ပမာဏဖြစ်ပေမယ့်လည်း ဒါဟာ တစ်ကယ်တော့ ထိုက်တန်ပါတယ်၊ ပဒုမ္မာကြာတစ်မျိုးတည်းနဲ့သာ ပြုလုပ်၍ရတာကြောင့်

ပဒုမ္မာကြာတွေကို စနစ်တကျထိန်းသိမ်ပေးဖို့လည်း လိုအပ်ပါတယ်၊ ကြာတွေကို စနစ်တကျထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေပြင်ဧရိယာသီးသန့် သတ်မှတ်ထားပြီး ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များ ပြုလုပ်ထားပါတယ်

ကြာချည်ထည်ရဲ့ အာနိသင်ကတော့ ပူတဲ့အချိန်တွေမှာ အေးမြစေပြီး အေးသောအချိန်တွေမှာ နွေးစေပါတယ်၊ ကျီးပေါင်းတက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တယ် လို့ ဒေသခံ ‌ထုတ်လုပ်သူများ၊ ရောင်းချသူများ ကျနော်တို့ကို ပြောပြပါတယ်

Lotus textiles are pricey because of the amount of time they take in the process of creating one. One lotus scarf of 7 inches costs MMK 95,000 (about USD 45).

This price seems expensive for us but it really is worth it.

Local weavers and sellers of lotus textiles said, “The advantages of lotus fiber are that it can make us feel cool in the hot weather and warm in the cold weather. Besides, it relieves osteoarthritis, headaches and is good for health.”

အင်းလေးဒေသက လက်မှုလုပ်ငန်းအများစုကထွက်တဲ့ ပစ္စည်းတွေကိုတော့ ခရီးသွားဧည့်သည်များကို အဓိကထား ရောင်းချကြပါတယ်၊ အင်းလေးက ပုံမှန်ဆို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်‌တွေ အများအပြားလာရောက် လည်ပတ်တတ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်၊ ဒီနှစ်အတောအတွင်းတွေမှာတော့ ခရီးသွားဧည့်သည်များ အလွန်နည်းပါးလာမှုကြောင့် သူတို့ရဲ့ ထုတ်ကုန်တွေဟာ မရောင်းရတော့ပါဘူး၊ ဝယ်သူမရှိတော့ လုပ်ငန်းများ ပုံမှန်လည်ပတ်ဖို့လည်း အခက်တွေ့နေကြရတယ်လို့ ဒေသခံများဆီက ကြားသိရပါတယ်
Since lotus textiles can only be made with Padonma lotus, we need to preserve them systematically as well. Respective people who are in charge of conserving the Padonma lotus have set up an exclusive lotus-conservation area on the lake and have been following preservation measures systematically.

Handicrafts from Inlay are mainly sold to tourists. Generally, Inlay Lake is a landmark that attracts both local and foreign tourists. Lately, the sales of Inlay handicrafts have declined due to very few tourists entering the region. Local people also expressed that they were facing challenges in operating their businesses because there are no customers buying their products.
“အင်းလေးက ခရီးသွားဧည့်သည်တွေရှိမှ သက်ဝင်လှုပ်ရှားနေတာ၊ ခရီးသွားတွေ လာလည်မှလည်း ဒီရိုးရာအဝတ်အစား‌တွေ ရောင်းရတာ” လို့ အင်းလေးမှာ ရိုးရာအဝတ်အစားတွေ ရောင်းတဲ့သူတစ်ဦးက ပြောပြပါတယ်
A traditional costume seller from Inlay said, “Inlay is alive only with the tourists. Our sales go up only when tourists visit here.”
ကျနော်ကိုယ်တိုင်လည်း အင်းလေးရောက်တိုင်း အင်းလေးရိုးရာ အဝတ်အစားတွေ ဝတ်လေ့ရှိပါတယ်၊ အိမ်ပြန်ရင်လည်း အမြဲလက်ဆောင်တွေ ဝယ်သွားတတ်ပါတယ်၊ ကျနော်တို့ မြန်မာလူမျိုးတွေက ခရီးက ပြန်လာရင် မိသားစုအတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်သွားတတ်တဲ့ အလေ့အထရှိပါတယ်၊ ဒါကြောင့် အင်းလေးကို ခရီးသွားဧည့်သည်များများလာရင် သူတို့ရဲ့ ထုတ်ကုန်တွေလည်း များများရောင်းရပြီး သူတို့ဘဝတွေလည်း အဆင်ပြေပါတယ်
I usually wear Inlay traditional costumes whenever I am in Inlay. I always buy souvenirs before I go back home. It is our custom in Myanmar to buy small gifts for our family after a trip. Therefore, the more tourists visit Inlay, the more their local products will be sold, and this would help the local residents’ lives get better.

ငှက်မျိုးစိတ်များ

Bird Species

အင်းလေးရေကန်မှာ ငှက်မျိုးစိတ်များအနေနဲ့ ရေပျော်ငှက် 95 မျိုး ၊ သစ်တောငှက် 265 မျိုး ရှိပြီး ဆောင်းခိုငှက်က 21 မျိုး ရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်၊ ထိုငှက်မျိုးစိတ်များကို ထိန်းသိမ်းရန်အတွက် ငှက်စားကျက်များကိုလည်း ပြုလုပ်ပေးထားပါတယ်၊
95 species of water birds, 265 species of forest birds and 21 species of migratory birds have been recorded in Inlay lake. Bird areas have been designated for the preservation of these bird species.

အင်းလေးမှာ ငှက်စားကျက် (6) နေရာ ရှိပါတယ်
1. လင်းကင်းငှက်စားကျက်
2. ငှက်ကြည့်စင် ငှက်စားကျက်
3. သလဲဦး ငှက်စားကျက်
4. သာလေး ငှက်စားကျက်
5. နန်းပန် ငှက်စားကျက်
6. ထီးလင်း ငှက်စားကျက်

အင်းလေးကန်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်‌နေတဲ့ ငှက်မျိုးစိတ်က “Sarus crane” လို့ခေါ်တဲ့ ကြိုးကြာခေါင်းနီငှက်ပါ၊ ခုချိန်မှာ ကြိုးကြာခေါင်းနီငှက်ကို 2 ကောင်ပဲတွေ့ရတော့တယ် လို့ ငှက်များကို ထိန်းသိမ်းစောင့်ရှောက်ကြတဲ့ တောခေါင်းတစ်ဦး က ပြောပြပါတယ်

There are 6 bird areas in Inlay:
1. Lin Kin Bird Area
2. Nghat Kyi Sin Bird Area
3. Tha Le Oo Bird Area
4. Thar Lay Bird Area
5. Nam Pan Bird Area
6. Htee Lin Bird Area

A forest ranger who is preserving the birds said, “The endangered bird species in Inlay Lake is the “Sarus crane”, which is also called red-headed crane. Only two of them can be found at the moment.”

အင်းလေးကန်မှာ အ‌ဓိကနာမည်ကြီးတဲ့ ငှက်တွေကတော့ ဆောင်းခိုငှက်များ ပဲ ဖြစ်ပါတယ်၊ ဆောင်းခိုငှက်လို့ ခေါ်ရခြင်းကတော့ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် တစ်နေရာမှ တစ်နေရာသို့ ခေတ္တပြောင်းရွှေ့ နေထိုင်သော ငှက်များဖြစ်လို့ပါပဲ၊ ကမ္ဘာ့အအေးပိုင်းဒေသမှာရှိတဲ့ ငှက်တွေဟာ ဆောင်းရာသီဆို ၎င်းတို့ နေထိုင်ရာအရပ်များ၌ အလွန်အေးသောကြောင့် အအေးသက်သာသော အရပ်ဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်တတ်ကြပါတယ်၊ မြန်မာနိုင်ငံမှာ ဆောင်းခိုငှက် ပုံမှန်လာရောက်လေ့ရှိသော ဒေသတွေက‌တော့ အင်းတော်ကြီးကန်နှင့် အင်းလေးကန် တို့ ဖြစ်ပါတယ်
Inlay Lake is best known for migratory birds. Migratory birds are the ones that migrate from one location to another temporarily due to the seasonal changes on earth. Birds from the cold regions of the world usually fly out to the less cold regions for some time to avoid the extreme cold. The areas where migratory birds inhabit regularly in Myanmar are Indawgyi Lake and Inlay Lake.
ဒီငှက်တွေဟာ အောက်တိုဘာလ နောက်ဆုံးအပတ်ကနေ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလ ပထမအပတ်ထိ လာရောက်‌နေထိုင်‌လေ့ရှိကြပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီကာလတွေမှာဆို အင်းလေးကန်မှာ ဆောင်းခိုငှက်တွေများစွာရှိပါတယ်၊ အင်းလေးကန်ကို လာရောက်တတ်တဲ့ ဆောင်းခိုငှက်တွေကတော့ Russia နိူင်ငံ၊ Siberia က လာရောက်ကြတာ ဖြစ်ပါတယ်
Normally, these birds enter the above-mentioned regions from the last week of October to the end of January or to the first week of February. Therefore, a lot of migratory birds are found on the Inlay Lake during winter in Myanmar. The migratory birds that come to Inlay Lake are usually from Siberia, Russia.

အင်းလေးကန်ဝန်းကျင်မှာရှိတဲ့ ငှက်မျိုးစိတ်‌တွေကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်လည်း သက်ဆိုင်ရာ တာ၀န်ရှိသူများက ဒီအချက်တွေလိုက်နာရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်

1. ငှက်စားကျက်တွေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရန်
2. ဒေသခံပြည်သူတွေ တန်ဖိုးထားတတ်ဖို့ အသိပညာပေးရန်
3. စည်းကမ်းမဲ့ ငှက်ပစ်ခတ်ဖမ်းဆီးခြင်းကို တားဆီးရန်

In order to preserve these bird species in and around Inlay Lake, the respective officials who are in charge of preservation have also asked people to:

1. Preserve the bird areas
2. Educate the local residents to value the bird species
3. Ban illegal killing of birds

“အင်းလေးက ရွာတိုင်းမှာ ဒီငှက်မျိုးစိတ်‌တွေကို ချစ်တတ်၊ ထိန်းသိမ်းတတ်တဲ့ လူငယ်လေး‌တွေရှိရင် ပိုကောင်းမယ်၊ ဒါဆို ကိုယ့်ရွာအနီးတစ်ဝိုက်က ငှက်မျိုးစိတ်တွေကို သူတို့အသိစိတ်လေးတွေနဲ့ ကြည့်ရှုထိန်းသိမ်းသွားပေးကြလိမ့်မယ်”
လို့ ငှက်စားကျက်များကို လိုက်လံကြည့်ရှုစစ်ဆေးနေတဲ့ တောခေါင်းတစ်ဦး က ‌ပြောပါတယ်၊ သူတို့ဟာ အင်းလေးကန် ရေရှည်တည်မြဲရေးအတွက် ကင်းလှည့်စစ်ဆေးခြင်း ကို တာ၀န်ယူလုပ်ဆောင်ကြပါတယ်
“It would be better if there were youths who love to preserve these bird species in every village in Inlay. They would protect the birds in the vicinity of their villages themselves,” said a forest ranger who monitors the bird areas. They are in charge of patrolling the area for the sustainability of Inlay Lake.

အင်းလေးကန်နဲ့ အမှိုက်ပြဿနာ

Inlay Lake and the Trash Problem

“ရေ မရှိရင် အင်းလေးရေကန်ဟာလည်း အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး” လို့ ဒေသခံတွေက ဆိုပါတယ်
“Inlay Lake is meaningless without water in it” said local people.
အင်းလေးကန်ရဲ့ အသက်ဟာ ရေပါ၊ ဒီရေကန်ကြီးကို မှီပြီး သဘာဝမျိုးစိတ်တွေရော၊ အင်းသူအင်းသားတွေရော ရှင်သန်နေထိုင်ကြရတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီအင်းကြီး တဖြည်းဖြည်း တိမ်ကောလာမှုဟာ သူတို့အတွက် အကြီးမားဆုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်
Water is the lifeblood of Inlay Lake. Natural species and Inntha have been relying on this lake. Therefore, water in the lake becoming shallower in depth is a major challenge to be resolved.

အင်းတိမ်ကောရခြင်း အကြောင်းရင်းများစွာရှိသည့်အနက် အဓိက (၃) ချက် ကို သက်ဆိုင်ရာတာ၀န်ရှိသူများနဲ့ ဒေသခံများက ပြောပြပါတယ်

1. မိုးနည်းသောကြောင့်လည်း အင်းတိမ်ကောပါတယ်၊ ဒါက ရာသီဥတု ပြဿနာဖြစ်ပါတယ်
2. မိုးများများရွာတဲ့အခါမှာလည်း တောင်ကျရေနဲ့အတူ စီးဝင်လာသော နုန်းများကြောင့်လည်း အင်းတိမ်ကောပါတယ်၊ နုန်းများစီးဝင်မှုကို စနစ်တကျ တားဆီးဖို့လိုအပ်ပါတယ်
3. အမှိုက်စွန့်ပစ်မှုကြောင့်လည်း အင်းတိမ်ကောပါတယ်
အပေါ်ကနှစ်ချက်က ရာသီဥတုနဲ့ သက်ဆိုင်တာမို့ အမြဲတမ်း ပြဿနာဖြစ်မနေပါဘူး၊ (၃) အချက်ဖြစ်တဲ့ အမှိုက်ပြဿနာကတော့ နေ့တိုင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်

According to officials and local residents, there are several causes of the lake becoming shallower. But three main causes of the shallowness are as follows:

  1. Drought; i.e., a weather issue
  2. Silt carried by the mountain streams due to heavy rain; the flow of silt must be controlled systematically; and
  3. Waste disposal.


Since the first two causes are associated with the weather, they are not always present when the weather is good. The third cause, waste disposal, is a challenge we are dealing with on a daily basis.

အင်းလေးရေကန်၊ သာလေးရွှာမှာနေထိုင်တဲ့ ကိုညီငယ် နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်၊ သူဟာ အင်းလေးကန်အတွင်း ပရဟိတ အမှိုက်သိမ်းခြင်း အလုပ်ကို (5) နှစ်လောက် လုပ်ခဲ့သူလည်း ဖြစ်ပါတယ်၊ သူဟာ အင်းလေးကန်မှာ ကြုံတွေ့နေရတဲ့ အမှိုက်ပြဿနာနဲ့ ဖြေရှင်းရန် လိုအပ်ချက်များကိုလည်း ပြောပြခဲ့ပါတယ်

“အိမ်တစ်အိမ်ကို အမှိုက်အစို၊ အမှိုက်အခြောက် နှစ်ခုပေါင်း ၅ရက်တစ်ပတ်ကို ပျှမ်းမျှ 5ပိသာ နဲ့ 10ပိသာလောက် ထွက်ရှိပါတယ်၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေကတော့ အိမ်တွေထက်ပိုပြီး အမှိုက်များများ ပိုထွက်ပါတယ်၊ တစ်ပတ် ၅ရက်ကို ရွာတစ်ရွာမှာ ပျမ်းမျ အမှိုက်တန်ချိန် တစ်တန်လောက်ထွက်ပါတယ်၊ ဒါဟာ အပတ်တိုင်းပါပဲ
ကုန်းပေါ်မှာရှိတဲ့ ရွာတွေအတွက် ပြဿနာမရှိပေမယ့် ရေထဲမှာရှိတဲ့ ရွာပေါင်း ၂၀၀ ကျော်အတွက်ကတော့ အမှိုက်ပြဿနာက နေ့တိုင်းရှိပါတယ်၊ အင်းလေးမှာ လူနေအိမ်ကထွက်သော အမှိုက်များ မီးရှို့ဖို့နေရာ သတ်မှတ်ထားတာ မရှိပါဘူး၊ ကြုံသလို ပစ်ကြရပါတယ်၊ တစ်ချို့က အခကြေးငွေယူပြီး အမှိုက်ပစ်ပေးကြပါတယ်”

I met with Ko Nyi Nge from Thar Lay Village, Inle Lake. He has been working for 5 years as a volunteer who cleans up the trash in Inlay Lake. He mentioned the trash problem he was facing at the lake and several solutions to it.

“On average, we collect about 5 to 10 visses of wet and dry waste from a house in 5 to 7 days. Hotels, restaurants and schools produce more waste than houses. The average amount of waste generally produced in a village per week is about a ton.
This is not a problem for houses on land. However, over 200 villages on water have been dealing with this trash problem every day. There is no specified place to burn the waste produced from houses. People dispose of the waste just randomly. Some dispose of other people’s trash by charging a fee.”
အရင်က ကိုညီငယ်ပါဝင်တဲ့ အမှိုက်သိမ်းပရဟိတ အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးပါတယ်၊ “ရွှေအင်းဆားလူခဲအဖွဲ့” လို့ ခေါ်ပါတယ်၊ ဒီအဖွဲ့ဟာ အလှူငွေများနဲ့ ပရဟိတ အမှိုက်သိမ်းခြင်းအလုပ်ကို ၅ နှစ်ကျော်လောက် လုပ်ကိုင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ အကူအညီအထောက်အပံ့များ လုံလုံလောက်လောက် မရရှိခဲ့တာကြောင့် အဖွဲ့လည်း ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်
There used to be a voluntary group called “Shwe Inn Sar Lu Khae Group”, where Ko Nyi Nge was also a member, that collected trash voluntarily. They had been collecting trash voluntarily for over 5 years with some funding. Unfortunately, their group was dissolved due to inadequate support and funding.

အမှိုက်နဲ့ပတ်သတ်ပြီး အတွေ့အကြုံရှိတဲ့ ကိုညီငယ် က အမှိုက်ပြဿနာကို ဖြေရှင်းဖို့ အကြံပေးစကားလည်း ပြောကြားခဲ့ပါတယ်

“အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက်လိုအပ်ချက် (၃) ချက်ရှိပါတယ်
1. အမှိုက်စွန့်ပစ်ရန် နေရာ
2. အမှိုက်မီးရှို့စက်
3. အမှိုက်သိမ်းတာတွေ၊ အမှိုက်မီးရှို့လုပ်ငန်းစဉ် လည်ပတ်ရန်အတွက် စနစ်ကျသော လုပ်ငန်းစဉ်လိုအပ်ပါတယ်၊ ဘက်ဂျက်လည်း လိုအပ်ပါတယ်”

Ko Nyi Nge, an experienced person regarding waste management, suggested solutions to the trash problem.

“There are three requirements to deal with the trash problem:
1. A specified place for waste disposal
2. Incinerators
3. A systematic process to collect the trash and operate the incineration; and an adequate budget”

ASEAN Heritage Park တစ်ခုဖြစ်တဲ့ အင်းလေးရေကန်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဟာ အမှိုက်ပြဿနာပါပဲ၊ ကုန်း‌ပေါ်မှာရှိတဲ့ အမှိုက်တွေကို အလွယ်တကူ ကောက်ယူဖျက်ဆီးလို့ရပေမယ့် ရေထဲကျသွားတဲ့ အမှိုက်တွေကိုတော့ လိုက်လံ‌သိမ်းဆည်းဖို့ဆိုတာ မလွယ်ကူပါဘူး၊ ဒီအချက်ကို သေချာထည့်တွက်ပြီး ကူညီဖြေရှင်းဖို့ လိုအပ်ပါတယ်၊ ဒေသခံတွေကိုလည်း အမှိုက်တွေကို စနစ်တကျစွန့်ပစ်တတ်ဖို့အတွက် အသိပညာပေးဖို့လည်း လိုအပ်‌နေပါတယ်

အရေးကြီးဆုံးကတော့ ကျတော်တို့လို ခရီးသွားတွေအနေနဲ့လည်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့အခါမှာ အမှိုက်တွေကို စည်းကမ်းတစ်ကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်၊ ဒါဟာ နိုင်ငံသားတိုင်း လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုပါပဲ

The biggest challenge of Inlay Lake, one of the ASEAN Heritage Parks, is the trash problem. While waste on land can be easily collected and destroyed, waste in water is not as easy to treat as waste on land. We need to consider this in dealing with that problem. We also need to educate the local residents so that they can dispose of waste systematically. Most importantly, we, the travelers, must also dispose of waste properly while visiting Inlay Lake. This is an ethic that every citizen needs to follow.
ကိုယ်စည်းကမ်းမဲ့စွာ စွန့်ပစ်လိုက်တဲ့ အမှိုက်တစ်စဟာ အင်းလေးရေကန်ကြီးကိုရော ဒီရေကန်ကြီးကို မှီတင်းပြီး သက်ရှင်နေထိုင်ကြတဲ့ သဘာဝမျိုးစိတ်တွေ၊ ဒေသခံတွေရဲ့ ဘဝတွေအပေါ် မှာရော သက်ရောက်မှုများစွာ ရှိသွားနိုင်တယ်ဆိုတာကို ကျနော်တို့ သတိပြုဖို့ လိုအပ်ပါတယ်
We should be aware that a piece of waste that we dispose of improperly might have a profound impact not only on Inlay Lake but also on the natural species and lives of the local residents that are reliant on it.
အရင်က လာတုန်းက ဓာတ်ပုံရိုက်ဖို့ကိုပဲ အာရုံစိုက်နေတာကြောင့် အင်းလေးကန်ရဲ့ သဘာဝမျိုးစိတ်တွေ၊ လူနေမှုဘဝတွေ၊ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို သိပ်ပြီး သတိမထားမိခဲ့ပါဘူး၊ ဒီခရီးစဉ်မှာတော့ အားလုံးကို ထဲထဲဝင်ဝင် သိခဲ့ရပြီး ပါဝင်ကူညီခဲ့သူအားလုံးနဲ့ ဒေသခံတွေကိုလည်း ကျေးဇူးအထူးတင်မိပါတယ်
ဒီခရီးစဉ်မှာ ကျနော့်အတွက် တန်ဖိုးရှိတဲ့ ဓာတ်ပုံတွေရလိုက်သလို အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်၊ အင်းလေးမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုလည်း တွေ့မြင်ခဲ့ရပြီး ဘယ်လိုအဖြေရှာကြမလဲဆိုတာ ဒေသခံတွေနဲ့ စကားပြောရင်း ပိုမိုသိမြင်ခဲ့ရပါတယ်
အဲ့ဒီအဖြေတွေကတော့ ငှက်မျိုးစိတ်တွေ၊ ငါးမျိုးစိတ်တွေကို စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုပဲ စနစ်တကျဝိုင်းဝန်း ထိန်းသိမ်းခြင်းတွေ ပြုလုပ်ရမယ်၊ ရေပေါ်စိုက်ခင်းတွေကိုလည်း စနစ်တကျ စိုက်ပျိုးရေး နည်းပညာများကို တောင်သူတွေကို မျှဝေပြီး အသီးအနှံတွေ ဈေးကွက်ရအောင်လည်း ပြုလုပ်ပေးရမယ်၊ ရိုးရာကြာချည်ထည်တွေအတွက် ကြာပင်တွေကိုလည်း စနစ်တကျထိန်းသိမ်ပြီး ရိုးရာလက်မှုလုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်အောင် ပြုလုပ်ကြရမယ်၊ အင်း‌သူအင်းသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာဖို့ ခရီးသွားဧည့်သည်တွေ များများလာရောက်လည်ပတ်နိုင်အောင် ပြုလုပ်ပေးကြရမယ်၊ အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ပြီး နေ့စဉ်ထွက်ရှိတဲ့ ဒီအမှိုက်တွေကို စနစ်တကျဖျက်ဆီးပစ်ဖို့ အမှိုက်မီးရှို့စက်တွေ ရွာတိုင်းနီးပါး အသုံးပြုခွင့်ရအောင် အကောင်အထည်ဖော် ပြုလုပ်ပေးကြရမယ် စတာတွေပဲ ဖြစ်ပါတယ်
ASEAN Heritage park တစ်ခုဖြစ်တဲ့ အင်းလေးကန် ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ ကျနော်တို့ အခက်အခဲပါပဲ၊ အခက်အခဲတွေအားလုံးကို ကျနော်တို့ မဖြေရှင်းပေးနိုင်ရင်တောင်ဝိုင်းဝန်းပြီးတော့ အဖြေရှာပေးနိုင်ပါတယ်၊ အတူလက်တွဲဖြေရှင်းနိုင်ပါတယ်၊ ဒီ Story ကလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြင်သာလာဖို့၊ ဝိုင်းဝန်းအဖြေရှာဖို့ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်
In the previous trips to Inlay Lake, my focus was only on taking photographs. I wasn’t aware of the natural species of the lake, the lifestyles of its people, the challenges and problems they were facing at that moment. But during this trip, I became fully aware of all of them and am very grateful to all of the local residents who helped me and contributed to this trip.
During this trip, I got a lot of valuable photographs as well as experiences. I realized the problems of Inlay Lake and figured out more about what the solutions for them could be after talking to the local residents.
The solutions include preserving the bird and fish species systematically without catching them illegally; sharing proper agricultural methods for the floating gardens with farmers and creating a market for the cultivated crops; conserving Padonma lotus plants for the production of traditional lotus textiles and extending the traditional arts and crafts businesses; making more tourists to be able to visit in order to create more job opportunities; building incinerators in order for almost every village to be able to destroy their daily trash systematically, etc.
The problems that Inlay Lake, one of the ASEAN Heritage Parks, is facing, is also our problem. Even if we can’t resolve all the problems, we can still brainstorm and find solutions to them together. I hope this story can make visible the challenges we are facing and find solutions to them.

We are part of the solution. We are ASEAN Biodiversity.

This photostory is made possible by:

Share On:
Facebook
Twitter
LinkedIn
Email
Related stories:

The views and opinions expressed by the Young ASEAN Storytellers should not be taken, in any way, to reflect the official position or opinion of the ASEAN Centre for Biodiversity, its partners, the ASEAN Member States, and the ASEAN Secretariat.

How do you feel about this story?
Happy
Happy
8
Sad
Sad
0
Inspired
Inspired
4
Interested
Interested
0
Surprised
Surprised
0

ASEAN Youth Biodiversity Programme

How do you feel about this story?
Happy
Happy
0%
Sad
Sad
0%
Inspired
Inspired
50%
Interested
Interested
0%
Surprised
Surprised
50%

ASEAN Youth Biodiversity Programme

Disclaimer

The views and opinions expressed by the Young ASEAN Storytellers should not be taken, in any way, to reflect the official position or opinion of the ASEAN Centre for Biodiversity, its partners, the ASEAN Member States, and the ASEAN Secretariat.